SATURDAY ONE SHOT/ONE TARGET (Super Zay)
**********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ဝက်စ်ဟမ်းနဲ့ဘန်လေတို့ရဲ့ပရီးမီးယားလိဂ်ပွဲက ရွေးချယ်ထားပါတယ်။ အထက်အောက်ဖြစ်နေကြတဲ့ တန်းဆင်းဇုန်ထဲက အသင်းနဲ့တန်းဆင်းဇုန်ကပ်လျက်က အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။သူ့အပေါ်က ဘန်လေနဲ့ ၃ မှတ်သာကွာလို့ ဝက်စ်ဟမ်းအတွက်တော့ အသွားအပြန် ၆ မှတ်တန်ပြီး ယူတက်ရင် သူတို့အတွက် အခွင့်အလမ်းကောင်းလည်းဖြစ်နေတယ်။
နူနိုဆန်တိုလက်ထက် ပထမဆုံးနိုင်ပွဲအဖြစ် ပြီးခဲ့တဲ့အပတ်တုန်းက အိမ်ကွင်းမှာ ကာဆယ်လိုအသင်းကို ခြေစွမ်းပြအနိုင်ရခဲ့လို့ ဝက်စ်ဟမ်းဟာ စိတ်ဓာတ်လည်း တက်နေပါတယ်။ အဲဒီအရေးပါတဲ့နိုင်ပွဲကပဲဝက်စ်ဟမ်းရဲ့ ၃ ပွဲဆက်အရှုံးကို အဆုံးသတ်ပေးခဲ့တာပါ။ အဲဒီနိုင်ပွဲကလန်ဒန်ကလပ်အတွက် အလှည့်အပြောင်းလည်း ဖြစ်လာစေနိုင်ပါတယ်။ တန်းတက်ဘန်လေကတော့ ဒိရာသီမှာ အဝေးကွင်းအတော်လေးအားနည်းတာပါ။
ဘန်လေဟာ ဒီရာသီ ပရီးမီးယားလိဂ်က အဝေးကွင်း ၅ ပွဲမှာ ဇယားအာက်ခြေဝုဗ်နဲ့ ၁ ပွဲသာနိုင်ခဲ့ပြီး ကျန်တဲ့ ၄ ပွဲစလုံး ရှုံးထားပါတယ်။ ဒါတောင် ဝုဗ်နဲ့ပွဲမှာ၂ ဂိုးပြန်ပေးခဲ့ရတာပါ။ ဒါ့အပြင် ဘန်လေဟာ ဝက်စ်ဟမ်းနဲ့ အင်္ဂလန်အမြင့်ဆုံးလိဂ်အဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး ၁၁ ပွဲမှာလည်း ၁ ပွဲသာနိုင်ပြီး ၂ ပွဲသရေနဲ့၇ ပွဲ ရှုံးထားပါတယ်။ ဆိုတော့ အဘက်ဘက်က ကြည့်ရင် ဝက်စ်ဟမ်းအားသာ
နေပြီး =၁၀၀ ဆိုတဲ့ အကျောပေးမှုကလည်း မနိမ့်တာကြောင့် စနေညအတွက်တစ်ကွက်ကောင်းအဖြစ် ဟမ်းမားတွေကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဝက်စ်ဟမ်း
