အနိုင်သေချာသလို ဂိုးပြတ်လည်းအောင်ပွဲခံသွားနိုင်တဲ့ ပီအက်စ်ဂျီရွေး
Diamond Seven – Tipster
ဗုဒ္ဓဟူးနေ့အကြိုက်ဆုံးတစ်ပွဲကောင်းကို ယူအီးအက်ဖ်အေစူပါဖလားပွဲဖြစ်တဲ့ပီအက်စ်ဂျီ- စပါးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာအင်္ဂလန်ကလပ် ချဲလ်ဆီးကို ၃-ဝ နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီအတွက် အခုပြိုင်ပွဲမှာ ပြန်လည်နိုးထပြဖို့က အကောင်းဆုံးအခွင့်အရေးပါပဲ။ စပါးဆိုတာကလည်းအင်္ဂလန်ကလပ်ပဲဖြစ်တာမို့ ပီအက်စ်ဂျီအနေနဲ့ နှစ်ခါတော့ လုံးဝအမှားခံမယ်မထင်ပါဘူး။ လတ်တလောမှာလည်း ပီအက်စ်ဂျီရဲ့ အစုအဖွဲ့က အကောင်းဆုံးပုံစံမှာရှိနေပြီးဒမ်ဘီလီ၊ ကာဗာရက်စ်ဟီလီယာနဲ့ ဒိုယူတို့တိုက်စစ်ကလည်း ဂိုးတွေပြန်လည်သွင်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာတော့မှာပါ။
စပါးက ရာသီကြိုခြေစမ်းပွဲတွေ အများအပြားကစားခဲ့ပေမယ့် မက်လောက်စရာခြေစွမ်းမျိုး မတွေ့ခဲ့ရပါဘူး။ နောက်ဆုံးခြေစမ်းခဲ့တဲ့ဘိုင်ယန်နဲ့ပွဲမှာဆို ရိုမီယို၊ ဗန်ဒီဘန်၊ ပေါ့ရိုးတို့လို အဓိကခံစစ်ကစားသမားတွေပွဲထွက်ခဲ့တာတောင် ၄-ဝ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ပီအက်စ်ဂျီရဲ့ မြန်နှုန်းမြင့်တိုးအားတွေနဲ့ ထိုးဖောက်မှုကိုလည်း စပါးခံစစ်ပိုင်း ပွဲချိန်ပြည့်ထိန်းချုပ်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ အီတလီမြေမှာကစားကြမယ့် အခုပွဲမှာ အနိုင်သေချာသလို ဂိုးပြတ်လည်းအောင်ပွဲခံသွားနိုင်တဲ့ ပီအက်စ်ဂျီကိုသာ ရွေးချယ်ချင်ပါတယ်။
