Posted in

တနင်္ဂနွေညအတွက်ဇဝန ရဲ့စျေးကွက်အမြင်၊စျေးကွက်စကား

[[[စျေးကွက်အမြင်၊စျေးကွက်စကား]]]
#ဇဝန
တနင်္ဂနွေညအတွက် မိတ်ဆက်ပေးခဲ့ချင်တဲ့ပွဲစဉ်ကတော့ (ချဲလ်ဆီး~ခရစ္စတယ်ပဲလေ့စ်)ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် (ချဲလ်ဆီး)အသင်းက ၁=သရေ ဖွင့်လှစ်ထားပြီးဂိုးပေါင်းစျေးကွက် ၃+၄၀အနိုင် ခင်းကျင်းပေးထားပါတယ်။ (ချဲလ်ဆီး)အသင်းရဲ့ စျေးကွက်ဖြတ်ကျော်နိုင်မှုတွေက ကြောက်ခမန်းလိလိ အားကောင်းလွန်းနေတယ်လို့ သတ်မှတ်နိုင်ပေမယ့် (ခရစ္စတယ်ပဲလေ့စ်)အသင်းကလည်းစျေးကွက်ဖြတ်ကျော်နိုင်မှုမှာ ခပ်ညံ့ညံ့အသင်းတွေထဲ မပါဝင်တာမို့ (ချဲလ်ဆီး)အသင်းရဲ့ ၁=သရေ
ဖွင့်လှစ်မှုဟာ ရဲတင်းလွန်းနေတယ်လို့ ဆိုရမှာပါ။

(ခရစ္စတယ်ပဲလေ့စ်)အသင်းဘက် စိတ်ယိုင်စေဖို့အဓိကဆွဲဆောင်ထားတဲ့ စျေးကွက်အခင်းအကျင်းလို့ကောက်ချက်ဆွဲမိပါတယ်။ (ခရစ္စတယ်ပဲလေ့စ်)အသင်းရဲ့ စျေးကွက်စီးဆင်းမှုတွေအရ လေ့လာကြည့်ရင်လည်းပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတောင် (လီဗာပူးလ်)အသင်းက ၁+၄၀အနိုင်ထိ ဖွင့်လှစ်ပေးခဲ့တာမို့(ချဲလ်ဆီး)အသင်းရဲ့ လုပ်နိုင်စွမ်းနဲ့ ချိန်ဆကြည့်ရင်မြင့်မားလွန်းနေတာ ရှင်းနေပါတယ်။

(ခရစ္စတယ်ပဲလေ့စ်)အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၂)ကြိမ်မှာလည်း(ချဲလ်ဆီး)အသင်း စျေးကွက်ကျရှုံးထားခဲ့သလိုစျေးကွက်ဖွင့်လှစ်မှုအရလည်း ဖြစ်သင့်တာထက်ဘောင်ကျော်လွန်းနေတာမို့ (ချဲလ်ဆီး)အသင်းဘက်သေချာပေါက် အနိုင်ပေးထားတဲ့ စျေးကွက်ခင်းကျင်းမှုလို့ ကောက်ချက်ဆွဲချင်ပါတယ်။ ဒါ့ကြောင့်ကျနော့်အနေနဲ့ အနိုင်သေချာသလောက်ရှိပြီးဂိုးပြတ်၊မပြတ်သာ စောင့်ကြည့်ကြရမယ့်(ချဲလ်ဆီးဘော်ဒီ)ကို စိတ်ကြိုက်ပုံအောကြဖို့ ရဲရဲဝံ့ဝံ့နဲ့ အကြံပြုပေးခဲ့ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *