အိမ်ကွင်းအဖွင့်ပွဲကို အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ့် ဝက်စ်ဟမ်း
Diamond Seven – Tipster
သောကြာနေ့ အကြိုက်ဆုံးတစ်ပွဲကောင်းကို ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ဝက်စ်ဟမ်း-ချဲလ်ဆီးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ရာသီအဖွင့်ပွဲစဉ်-၁မှာဆန်းဒါးလန်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ ဝက်စ်ဟမ်းအတွက် အခု အိမ်ကွင်းပွဲမှာ ပုံစံကောင်းပြသနိုင်ဖို့ အထူးအရေးကြီးသွားပါပြီ။ ဆန်းဒါးလန်းနဲ့ပွဲမှာ ဝက်စ်ဟမ်းကစားပုံနဲ့ခြေစွမ်းပိုင်းမညံ့ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးပေါက်ခြိမ်းခြောက်မှု
တွေပါ အသာရခဲ့တာပါ။
ပါကွီတာနဲ့ဝက်ဒ်ပရောက်စ်တို့ ကွင်းလယ်ကစားအားကောင်းသလို ဘိုဝမ်နဲ့ ဖူးခရက်တို့တိုက်စစ်ကလည်း အိမ်ကွင်းမှာဆိုရင်တော့ ဂိုးသွင်းခြေရှိတာမို့ ချဲလ်ဆီးခံစစ်ကိုလည်း ဖိအားပေးကစားနိုင်ဦးမှာပါ။ ချဲလ်ဆီးက ပဲလေ့စ်နဲ့ပွဲမှာ ဝ-ဝ သရေသာရခဲ့ပြီး အဖွင့်မလှခဲ့ပါဘူး။ ပယ်လ်မာနဲ့ ပက်ဒရိုတို့ တိုက်စစ်က ထင်သလောက်အလုပ်မဖြစ်ခဲ့သလို အန်ဇိုဖာနန်ဒက်ဇ်ကလည်းကွင်းလယ်မှာ ကြောင်ပျောက်နေပြီး တိုက်စစ်ကို ပံ့ပိုးမှုမလုပ်နိုင်ခဲ့ပါဘူး။ အဝေးကွင်းလည်းဖြစ်တာမို့ ချဲလ်ဆီးနိုင်ဖို့တောင် အတော်ရုန်းရနိုင်ပါတယ်။ ဒီရာသီအိမ်ကွင်းအဖွင့်ပွဲကို အကောင်းဆုံးပုံစံနဲ့ပြန်လာမယ့် ဝက်စ်ဟမ်းရွေးချယ်မယ်။
