Posted in

အဲဗာတန်ရဲ့ခံစစ်မာဂုဏ်ကိုယုံကြည်လို့ ဂိုးအောက်ပဲရွေးချယ်မယ်

အဲဗာတန်ရဲ့ခံစစ်မာဂုဏ်ကိုယုံကြည်လို့ ဂိုးအောက်ပဲရွေးချယ်မယ်
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးပေးမှုကိုပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်စီးတီး-အဲဗာတန်ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
မန်စီးတီး
နောက်ဆုံး၅ပွဲဆက် နိုင်ပွဲဆက်ထားခဲ့ပေမယ့် မန်စီးတီးရဲ့ခြေစွမ်းက အရမ်းလန်းနေတာမျိုးတော့မဟုတ်ပါဘူး။ နိုင်ငံတကာပြိုင်ပွဲတွေအတွက်လည်း အဓိက ကစားသမားအားလုံးနီးပါးကို စေလွှတ်ထားခဲ့ရတဲ့အတွက် ခရီးပန်း၊ ပွဲပန်းဒဏ်ရှိနေမှာကိုလည်း သတိပြုရပါမယ်။ ဟာလန်းက နိုင်ငံအသင်းမှာ ခြေစွမ်းပြဂိုးသွင်းခြေတွေ့ တယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာတော့ ခက်ခက်ခဲခဲရုန်းကန်နေရတုန်းဆိုတာ  ဘရန့်ဖို့ဒ်ကို ဝ-၁ ဂိုး နဲ့ ကပ်နိုင်ခဲ့တဲ့နောက်ဆုံးပွဲမှာအတိုင်းသားတွေ့ မြင်ခဲ့ရပါတယ်။ဒိုကု၊ ဘာနာဒိုဆေးလ်ဗားတို့လိုအဓိက ကစားသမားတွေကို အရန်ထားသုံးနေပြီးအော်စကာဘော့၊လီဝစ်  တို့ကို ပွဲထုတ်နေတဲ့ဂွါဒီယိုလာရဲ့ လူထုတ်ပုံအမှားတွေကလည်း မန်စီးတီးခြေစွမ်းကိုထိခိုက်စေခဲ့တာသိသာပါတယ်။
အဲဗာတန်
အဲဗာတန်ကနောက်ဆုံး၂ပွဲ ရလဒ်တွေ ကောင်းမွန်ပြီး အဆင့်-၈အထိတောင်တက်လှမ်းလာနိုင်ခဲ့ပါတယ်။   နောက်ဆုံးပွဲမှာဆို ပဲလေ့စ်လိုခြေစွမ်းတောက်လျှောက်တက်နေတဲ့အသင်းကိုတောင်  ၂-၁ နဲ့နိုင်ခဲ့ပြီး ခြေစွမ်းနဲ့ကစားပုံစံကောင်းကို ပြသနိုင်ခဲ့တာပါ။ တာကောစကီးနဲ့ မိုက်ကယ်ကိန်းတို့ရဲ့ခံစစ်ပိုင်းကခပ်မာမာနဲ့ ဖျက်ထုတ်မှုအားကောင်းလှသလို ဂိုးသမားပစ်ဖို့ဒ် ကလည်းပွဲတိုင်းလက်စွမ်းတည်ငြိမ်တာမို့ မန်စီးတီးရဲ့တိုက်စစ်ကိုလည်း ကောင်းကောင်းထိန်းနိုင်ပါတယ်။တိုက်စစ်မှူးဂရီယာလစ်ရှ်ကလည်း အသင်းဟောင်းမန်စီးတီးနဲ့  ရင်ဆိုင်ရမယ့်ပွဲမှာဘယ်လောက်ခြေစွမ်းထက်တယ်ဆိုတာပြသနိုင်ဖို့ အစွမ်းကုန်ရုန်းပြလာဦးမှာပါ။
ခန့်မှန်းချက်
မန်စီးတီးက ၁-၅၀  (၃+၃၀)ကြေးဖွင့်လှစ်ထားခဲ့ပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၃ပွဲဆက်၂ဂိုးနဲ့အောက်ရလဒ်တွေသာများခဲ့သလိုပဲ အခုပွဲမှာလည်း ဂိုးများဖွယ်မရှိလို့ ဂိုးအောက်ပဲရွေးချင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *