SUNDAY ONE SHOT/ONE TARGET (Super Zay)
************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို အေစီမီလန်နဲ့ ဖီအိုရင်တီးနားတို့ရဲ့စီးရီးအေပွဲကရွေးချယ်ထားပါတယ်။ အဆင့် ၃ နေရာက အသင်းနဲ့ တန်းဆင်းဇုန်ကပ်လျက်က အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ အေစီက လက်ရှိအချိန်မှာ ရလဒ်ရော ခြေစွမ်းပါ တည်ငြိမ်နေတဲ့အသင်းပါ။
နောက်ဆုံး ၆ ပွဲမှာဆို ဂျူဗင်တပ်နဲ့အဝေးကွင်း ၁ ပွဲသာ သရေကျပြီး ကျန်တဲ့၅ ပွဲစလုံး နိုင်ထားပါတယ်။ အိမ်ကွင်းမှာဆိုလည်း နောက်ဆုံး ၃ ပွဲဆက် နိုင်ထားတာပါ။ ကွင်းလယ်မှာ ဝါရင့်တွေဖြစ်တဲ့ မိုဒရစ်နဲ့ ရာဘီယော့တို့ ရောက်လာတာဟာ အေစီကို ပိုပြီး ဟန်ချက်ညီသွားစေပါတယ်။ ဒီအချိန် ဖီအိုရင်တီးနားကတော့ တောက်လျှောက်ကို ရုန်းကန်နေရတာပါ။
စီရီးအေမှာ တောက်လျှောက်နိုင်ပွဲပျောက်နေတဲ့ ဖီအိုရင်တီးနားဟာ အဲဒီကနောက်ဆုံး ၄ ပွဲမှာလည်း ၃ ပွဲ ရှုံးထားပါတယ်။ ဒီရာသီ စီးရီးအေမှာ အဝေးကွင်း ၃ ပွဲစလုံး သရေကျထားပေမယ့် သူတို့ရင်ဆိုင်ခဲ့တဲ့အသင်းတွေကပီဆာ၊ တိုရီနိုနဲ့ ကက်ဂလီယာရီတို့နဲ့မို့ပါ။ ဒါ့အပြင် ဖီအိုဟာ အေစီနဲ့အဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး ၅ ပွဲမှာလည်း ၄ ပွဲ ရှုံးထားပါတယ်။ အေစီရဲ့အကျောပေးမှုက ၁+၄၀ ကနေ ၁= အထိ မြင့်တက်လာပြီး လက်ရှိခြေအရလည်း ၂ ဂိုးပြတ်၊ မပြတ်ကိုသာ ကြည့်ရမယ့် အိမ်ရှင်ကိုသာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ရွေးချယ်လိုက်တာပါ။
ရွေးချယ်မှု – အေစီမီလန်
