Posted in

စနေညအတွက်D7 ရဲ့အကြိုက်တစ်ပွဲ

အနိုင်သေချာပြီး ဂိုးပြတ်လည်းအောင်ပွဲခံသွားနိုင်တဲ့ နယူးကာဆယ်
Diamond Seven – Tipster
ပြီးခဲ့တဲ့အပတ်က မန်စီးတီးဂိုးအောက်ရွေးချယ်ပေးခဲ့မှု အပြည့်အောင်မြင်ခဲ့လို့ အားပေးသူပရိသတ်များလည်း ပျော်ရွှင်မှုရရှိခဲ့ကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ယခုတစ်ပတ် စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးပေးမှုကိုလည်းပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့  နယူးကာဆယ်-ဖူလ်ဟမ်ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
နယူးကာဆယ်
နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန်ကို ပွဲပြီးကာနီးဂိုးနဲ့  ကပ်ရှုံးခဲ့ပေမယ့်  နယူးကာဆယ်ခြေစွမ်း   မညံ့ခဲ့ပါဘူး။ ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင်လည်း ဘင်ဖီကာကို ၃-ဝ နဲ့ ဂိုးပြတ်သိပ်ပြခဲ့ပြီး   ဂေါ်ဒွန်၊ ဝေါ်တီမာဒီနဲ့ ဟာဗေးဘန်းစ်တို့တိုက်စစ် အိမ်ကွင်းဆိုလုပ်အားနှုန်းကောင်းတယ်ဆိုတာပြသနိုင်ခဲ့ပါတယ်။ တိုနာလီ၊ ဂွီမာရေးစ်တို့ရဲ့ကွင်းလယ်ကလည်း တိုက်စစ်ရော ခံစစ်ကိုပါ အကောင်းဆုံးလိုက်ပါကစားနိုင်တာမို့ နယူးကာဆယ်တိုက်စစ်က ပိုလန်းနေတာဖြစ်ပါတယ်။ အိမ်ကွင်းကစားအားသိသိသာသာကောင်းမွန်တဲ့ နယူးကာဆယ်အနေနဲ့ ဖူလ်ဟမ်ကို တစ်ပွဲလုံးနီးပါး အသာစီးရယူကစားနိုင်မှာ သေချာပါတယ်။
ဖူလ်ဟမ်
နောက်ဆုံး ၃ပွဲဆက်ရှုံးထားသလို ခြေစွမ်းလည်းကျဆင်းလာတဲ့  ဖူလ်ဟမ်အနေနဲ့အဆင့် – ၁၅ ထိတောင် ရောက်နေပါတယ်။အဝေးကွင်းဆို အန်ဒါဆန်နဲ့ ဘတ်ဆေးတို့ရဲ့ခံစစ်က အမှားများလွန်းပြီး  ဖျက်ထုတ်ပုံတွေအားနည်းလွန်းတာမို့ နယူးကာဆယ်ကွင်းမှာလည်း ခက်ခက်ခဲခဲရုန်းကန်ရဦးမှာပါ။ အဝေးကွင်းနောက်ဆုံး ၃ပွဲဆက်လည်း ဂိုးပြတ်တွေချည်းရှုံးနိမ့်ထားတဲ့  အနေအထားအရလည်း
ဖူလ်ဟမ်ရုန်းထနိုင်ဖို့ မလွယ်ကူသေးပါဘူး။
ခန့်မှန်းချက်
နယူးကာဆယ်က ၁+၂၀အကျောပေးထားပါတယ်။   အိမ်ကွင်းဆိုခြေစွမ်းပိုင်း သိသိသာသာကောင်းမွန်သလို ကစားသမားနဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်းကာဆယ်ကအသာရနေတာ ငြင်းမရပါဘူး။ ဝေါ်တီမာဒီ နဲ့ဂေါ်ဒွန်တို့တိုက်စစ်သာခြေစွမ်းပြပြီး ဂိုးစော
စောရသွားမယ်ဆိုရင် နယူးကာဆယ်ရဲ့အနိုင်က ၂ဂိုး၊ ၃ဂိုးပြတ်နေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *