Posted in

Super Zay ရဲ့စနေအကြိုက်တစ်ပွဲ

SATURDAY ONE SHOT/ONE TARGET (Super Zay)
*******************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ဘရန့်ဖို့ဒ်နဲ့ လီဗာပူးတို့ရဲ့ပရီးမီးယားလိဂ်ပွဲက ရွေးချယ်ထားပါတယ်။ လက်ရှိရလဒ်ပိုင်း မတည်ငြိမ်တဲ့ ဇယားအောက်ပိုင်းအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေတဲ့ အဆင့် ၃ အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။နိုင်လိုက်ရှုံးလိုက် ဖြစ်နေတဲ့ ဘရန့်ဖို့ဒ်ဟာ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း မန်စီးတီးကို ဂိုးမသွင်းနိုင်ဘဲ ရှုံးထားပါတယ်။

လီဗာပူးကတော့ ကြားရက်ချန်ပီယံလိဂ်နိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက်အရှုံးကိုအဆုံးသတ်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ပြန်လည်ရုန်းထဖု့ိ ကြိုးစားမယ့်လီဗာပူးအတွက် အလှည့်အပြောင်းလည်း ဖြစ်စေမှာပါ။ အခုဆို လီဗာပူးဟာထိပ်ဆုံးက ချန်ပီယံပြိုင်ဘက်အာဆင်နယ်နဲ့ ၄ မှတ်တောင် ကွာသွားပါတယ်။ဒါကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရဖို့က လီဗာပူးအတွက် အတော်လေးကို
အရေးကြီနေတာပါ။

လီဗာပူးဟာ ဘရန့်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲစလုံးကိုတော့အနိုင်ရထားပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဘရန့်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု၈ ပွဲစလုံးမှာလည်း ဂိုးသွင်းနိုင်ခဲ့တာပါ။ လီဗာပူးရဲ့အကျောပေးမှုက မူလ ၁-၁၅ကနေ ၁+၆၀ ကို ကျသွားပေမယ့် နိုင်ပွဲလိုအပ်ချက်အရ ပရီးမီးယားလိဂ်မှာလည်းကြိုးကြာနီတွေ ပြန်လာချိန်တန်ပါပြီ။ အဲဒါကြောင့်လည်း စနေညအတွက်
တစ်ကွက်ကောင်းအဖြစ် လီဗာပူးဘော်ဒီကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – လီဗာပူး

Leave a Reply

Your email address will not be published. Required fields are marked *