ဧည့်သည်ဆက်ဆူအိုလို အနိမ့်ဆုံးသရေကန်နိုင်မယ်
Diamond Seven – Tipster
ကြာသပတေးနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုအဖြစ် စီးရီးအေပွဲစဉ်များထဲမှ ကက်ဂလီယာရီ-ဆက်ဆူအိုလို ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ကက်ဂလီယာရီရဲ့ခြေစွမ်းက အားရစရာမရှိပါဘူး။ အဓိကအားနည်းသွားတာက ခံစစ်ပိုင်းဖြစ်ပြီး ဇက်ပါ၊ ပီဒရိုနဲ့ အော်ဘတ်တို့ရဲ့ခံစစ်က ဒီရာသီမှာလည်း ဂိုးပြန်မပေးရတဲ့ပွဲက မရှိသလောက်ဖြစ်နေတာပါ။
တန်းတက်ဆက်ဆူအိုလိုကတော့ ခြေစွမ်းကောင်းပြသနေပြီး နောက်ဆုံး ၄ပွဲမှာရိုးမားကို ဝ-၁ နဲ့ ကပ်ရှုံးခဲ့တဲ့ ၁ပွဲသာရှိခဲ့ပြီး အူဒီးနီးစ်၊ ဗီရိုနာတို့ကို အနိုင်ရထားခဲ့ပါတယ်။ တိုက်စစ်ပုံစံကောင်းရနေသလို ခံစစ်ကလည်း ဂိုးရပြီဆိုတာနဲ့ အလုံပိတ်ကစားနိုင်တာမို့ ဆက်ဆူအိုလို ရလဒ်တွေကောင်းနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်အခုအဝေးကွင်းမှာလည်း ကက်ဂလီယာရီကို ခြေရည်တူ ယှဉ်ကန်နိုင်ဦးမှာပါ။ကက်ဂလီယာရီက -၃၀ သာအကျောပေးထားတဲ့အနေအထားအရ ဧည့်သည်ဆက်ဆူအိုလို အနိမ့်ဆုံးသရေကန်နိုင်မယ်လို့ သုံးသပ်မိပါတယ်။
