အဝေးကွင်းဖြစ်ပေမယ့် ခြေတက်နေတဲ့ ဆိုစီဒက် အနိမ့်ဆုံးသရေကန်နိုင်မယ်
အယ်ချီ Vs ဆိုစီဒက်
Diamond Seven – Tipster
သောကြာနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ကို စပိန်လာလီဂါပွဲစဥ်ဖြစ်တဲ့ အယ်ချီ-ဆိုစီဒက်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
တန်းတက်အယ်ချီက ရာသီအစကလိုမဟုတ်တော့ပဲခြေစွမ်းပြန်ကျသွားပြီး ရှုံးပွဲတွေဆက်နေပါတယ်၊၊ နောက်ဆုံး ၄ပွဲမှာ ဘာစီလိုနာ၊ အက်စ်ပန်ညို၊ အလာဗက်စ်တို့ကို ရှုံးခဲ့ရာမှာ ပေးဂိုးစုစုပေါင်းကလည်း ၇ဂိုးတောင် ရှိခဲ့ပါတယ်၊၊ လတ်တလောမှာလည်း ရာဖာမီယာနဲ့ ရိုဒရီဂွက်ဇ်တို့တိုက်စစ်က တစ်ဂိုးရဖို့တောင် မနည်းရုန်းနေရတာမို့ အခုပွဲမှာလည်း ရုန်းရဦးမှာပါ၊၊
ဆိုစီဒက်က နောက်ပိုင်းပွဲတွေမှာ ခြေပြန်ငြိမ်လာပြီး လာလီဂါနောက်ဆုံး ၃ပွဲမှာ ၂ပွဲနိုင်၊ ၁ပွဲသရေနဲ့ ရလဒ်ကောင်းပ်ိုင်ဆိုင်ထားပါတယ်၊၊ အိုယာဇာဘယ်၊ ကူဘိုနဲ့ မန်ဒက်စ်တို့ရဲ့ တိုက်စစ်ကလည်း ဂိုးသွင်းအားတက်နေတာမို့ အယ်ချီခံစစ်ကိုလည်း ထိထိရောက်ရောက်ထိုးဖောက်နိုင်ဦးမှာပါ၊၊
အဝေးကွင်းဖြစ်ပေမယ့် ခြေတက်နေတဲ့ ဆိုစီဒက် အနိမ့်ဆုံးသရေကန်နိုင်မယ်လို့ သုံးသပ်မိပါတယ်၊၊
