ခြေစွမ်းပြနေတဲ့မန်စီးတီးကိုယုံကြည်မိတာမို့အိမ်ရှင်အနိုင်ကိုသာ ရွေးချယ်ထားချင်ပါတယ်။
Diamond Seven – Tipster
ယခုတစ်ပတ်ရဲ့ တနင်္ဂနွေည အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုဒီတစ်ပတ်ရဲ့အကောင်းဆုံးတစ်ပွဲဖြစ်တဲ့မန်စီးတီး-လီဗာပူးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
မန်စီးတီး
ပရီးမီးယားလိဂ်ရောချန်ပီယံလိဂ်ပွဲမှာပါတောက်လျှောက်ရလဒ်တွေကောင်းနေတဲ့ မန်စီးတီးအတွက် နောက်ထပ်စမ်းသပ်ခံရမယ့် ပွဲတစ်ပွဲပါ။ လတ်တလော နောက်ဆုံး ၉ပွဲမှာ ရှုံးပွဲဆိုလို့ ဗီလာနဲ့ ၁ပွဲသာရှိခဲ့တဲ့ မန်စီးတီးရဲ့ခြေစွမ်းက အားရစရာကောင်းသလို ဟာလန်းတို့တိုက်စစ်ကလည်း ဂိုးသွင်းခြေစွမ်းထက်နေတာမို့ လီဗာပူးခံစစ်ကို ကောင်းကောင်းဖိအားပေးကစားနိုင်မှာ သေချာပါတယ်။ ဒိုကု၊ ရီဂျင်ဒါနဲ့ ချာကီတို့ကလည်းမြန်ဆန်ပြီးထိုးဖောက်ကစားပုံတွေကောင်းတာမို့အိမ်ကွင်းမှာအသာစီးရယူကစားနိုင်မှာသေချာပါတယ်။
လီဗာပူး
လီဗာပူးက ပရီးမီးယားလိဂ်မှာ ဗီလာကိုနိုင်ပြီး လိဂ် ၄ပွဲဆက်အရှုံးကို ရပ်တန့်နိုင်ခဲ့ပေမယ့် ကစားပုံကတော့ အရမ်းကောင်းလာတာမဟုတ်သေးပါဘူး။ နောက်ဆုံး ၂ပွဲဆက်နိုင်ခဲ့တယ်ဆိုတာကလည်းအိမ်ကွင်းတွေမှာဖြစ်ပြီးအဝေးကွင်းဆိုရင်တော့ လီဗာပူးရဲ့ခံစစ်ပိုင်းကအားနည်းနေဆဲပါပဲ။ နောက်ဆုံးအဝေးကွင်း၃ပွဲဆက်ရှုံးခဲ့ရာမှာ တစ်ပွဲအနည်းဆုံး ၂ဂိုးနဲ့အထက်ပေးခဲ့ရတဲ့ဗန်ဒိုက်နဲ့ ကိုနာတီတို့ ခံစစ်ကလည်း မငြိမ်တာမို့ အခုမန်စီးတီးကွင်းမှာလည်းခက်ခက်ခဲခဲရုန်းကန်ရဦးမှာပါ။ တိုက်စစ်ပိုင်းမှာလည်းအီကီတီကီဂိုးသွင်းခြေပြန်ကျသွားသလိုအိုင်ဆက်ကိုလည်း ဒဏ်ရာကြောင့်လက်လွှတ်ထားရတာမို့ ဆာလက်ရှ်ခြေစွမ်းမပြနိုင်ရင်လီဗာပူးတိုက်စစ်က အားရစရာရှိမှာမဟုတ်ပါဘူး။
ခန့်မှန်းချက်
မန်စီးတီးက ၁+၉၅ အထိကြေးပေးထားပါတယ်။အိမ်ကွင်းခြေစွမ်းကောင်းသလိုလူစုံနီးပါးပါဝင်နိုင်နေတဲ့ မန်စီးတီးအတွက်အိမ်ကွင်းမှာ အနိုင်ရဖို့လည်း အားကောင်းနေမှာပါ။ ဟာလန်း၊ မာမွတ်ရှ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒိုကုတို့ခြေစွမ်းပြနေတဲ့မန်စီးတီးကိုယုံကြည်မိတာမို့အိမ်ရှင်အနိုင်ကိုသာ ရွေးချယ်ထားချင်ပါတယ်။
