Posted in

တနင်္ဂနွေညအတွက်ဇဝနရဲ့စျေးကွက်အမြင်၊စျေးကွက်စကား

Nov / 09 – 2025 # SUN
စျေးကွက်အမြင်၊စျေးကွက်စကား
#ဇဝန

တနင်္ဂနွေညအတွက် ကျနော်မိတ်ဆက်ပေးခဲ့ချင်တဲ့ပွဲစဉ်ကတော့ (ရိုးမား~အူဒီးနီးစ်)ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်အတွက် (ရိုးမား)အသင်းက ၁+၁၅အနိုင်အကျောပေးထားပြီး ဂိုးပေါင်းစျေးကွက် ၂-၈၅အရှုံးဖွင့်လှစ်ပေးထားပါတယ်။ စျေးကွက်အမြင်တစ်ခုအနေနဲ့ကြည့်ရင် (ရိုးမား)အသင်းရဲ့ ၁+၁၅အနိုင်ဟာဆွဲဆောင်မှုဆန်ပါတယ်။ သို့ပေမယ့် (ရိုးမား)အသင်းရဲ့စျေးကွက်ဖြတ်ကျော်နိုင်မှုတွေက ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ (၂)ပွဲတည်းသာ စျေးကွက်အောင်မြင်ခဲ့တာမို့(အူဒီးနီးစ်)အသင်းပေါ် အကျောပေးထားတဲ့ ၁+၁၅အနိုင်ဖွင့်လှစ်မှုဟာ သင့်တင့်မျှတတယ်လို့ ကောက်ချက်ဆွဲပေးခဲ့ချင်ပါတယ်။

(ရိုးမား)အသင်းရဲ့ အိမ်ကွင်းစျေးကွက်စီးဆင်းမှုတွေအရ လေ့လာကြည့်လိုက်ရင်လည်း (ပါးမား၊ဗီရိုနာနဲ့တိုရီနို)အသင်းတို့ကို၁-၂၀အရှုံးဝန်းကျင်တွေသာ ဖွင့်လှစ်ပေးခဲ့တာမို့စျေးကွက်အရ ဖွင့်လှစ်မှု မှန်ကန်တယ်လို့ ဆိုရပါမယ်။(အူဒီးနီးစ်)အသင်းဘက် လေ့လာကြည့်ရင်လည်းအဝေးကွင်းပွဲစဉ်တွေမှာ ခံစစ်ပိုင်းကို အဓိကဒေါက်ပြုကစားနေတာမို့ (ရိုးမား)အသင်းကို ကြိုက်နှစ်သက်နေရင်တောင် ပုံအောအားပေးရဲကြမှာ မဟုတ်ပါဘူး ဒီပွဲစဉ်အတွက် ကျနော်ကတော့ (ရိုးမားဘော်ဒီ)ကိုအပိုင်ရိုက်ချင်ပါတယ်။

ကြားရက် ယူရိုပါလိဂ်မှာ(ရိန်းဂျား)အသင်းနဲ့ ၁+၃၀အနိုင်ဖွင့်လှစ်မှုမှာ (ရိုးမား)အသင်း စျေးကွက်၊အောင်မအောင် ကြိုတင်မသိရပေမယ့် (ရိုးမား)အသင်းရဲ့စီးရီးအေရပ်တည်မှုအရ (အူဒီးနီးစ်)လိုအသင်းနဲ့ပွဲစဉ်မှာတော့ လုံးဝအမှားအယွင်းခံမယ်မထင်ပါဘူးနောက်ထပ်(ရိုးမား)အသင်းအတွက် စိတ်ဓာတ်ပိုင်းအရအားသာချက်ရှိနေတာကတော့ (အူဒီးနီးစ်)အသင်းနဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၁၀)ကြိမ်မှာ (၁)ကြိမ်တည်းသာ ရှုံးနိမ့်ခဲ့ဖူးပြီး စျေးကွက်အရလည်း(အူဒီးနီးစ်)အသင်းနဲ့ နောက်ဆုံး(၅)ကြိမ်တွေ့ဆုံမှုမှာ(၅)ကြိမ်လုံးစျေးကွက်အောင်မြင်ခဲ့တာမို့ လုပ်နိုင်စွမ်းအရလည်း (ရိုးမား)အသင်းဘက်မှာ အားသာချက်ရှိနေပါတယ်။ စျေးကွက်ခင်းကျင်းမှုအရ ဖွင့်လှစ်မှုမှန်ကန်နေသလို လုပ်နိုင်စွမ်းအရလည်း အနိုင်ရဖို့မခက်ခဲနိုင်တာမို့ တနင်္ဂနွေညအတွက် အကောင်းဆုံးရိုက်ကွက်အဖြစ် (ရိုးမားဘော်ဒီ)ကို ရဲရဲဝံ့ဝံ့ပုံအောကြဖို့ကျနော်ညွှန်းပေးခဲ့ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *