SUNDAY ONE SHOT/ONE TARGET (Super Zay)
********************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက်တစ်ကွက်ကောင်းကို ဆယ်တာဗီဂိုနဲ့ ဘာစီလိုနာတို့ရဲ့ပွဲက ရွေးချယ်ထားပါတယ်။ ဇယားအလယ်အသင်းနဲ့ ချန်ပီယံပြေးလမ်းထဲမှာ ထပ်မှားလို့ မရတော့တဲ့အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာတော့ ဆယ်တာဗီဂိုကပြိုင်ပွဲစုံ ၅ ပွဲဆက်အနိုင်နဲ့အတူ အကောင်းဆုံးပုံစံ ရနေပါတယ်။
ဆယ်တာဟာ ဒီရာသီ အိမ်ကွင်းမှာလည်း ရာသီစစချင်း တစ်ပွဲပဲ ရှုံးသေးတာပါ။ ဒါ့အပြင် ရာသီစစချင်းကန်ရတဲ့ အိမ်ကွင်းမှာပဲ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ အိမ်ကွင်းက နောက်ဆုံး ၇ ပွဲစလုံး(ပြိုင်ပွဲစုံ)မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးလည်း ပြန်ပေးခဲ့ရတာပါ။ ကြားရက်ထဲက ဘရုဂျက်ကွင်းမှာ ၃-၃ သရေကျခဲ့တဲ့ ဘာစီလိုနာကလည်း အခုနောက်ပိုင်း ဂိုးမပေးရတဲ့ပွဲကို မရှိတော့ပါဘူး။
အတိအကျဆို ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲစလုံးမှာ ဘာစီလိုနာဟာ သွင်းလည်း သွင်း၊ပေးလည်း ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့နောက်ဆုံး ၁၂ ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိခဲ့တာပါ။ အဲဒီလိုပဲ ဆယ်တာနဲ့ဘာစီလိုနာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၁၂ ပွဲမှာလည်း ၁၁ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက်ရှိခဲ့တယ်။ ဒါ့အပြင် ဂိုးပေါင်းဈေးကလည်း မူလ ၃+၅၀ ကနေ ၃-၇၀ အထိထိုးတက်သွားတာပါ။ အဲဒါကြောင့်လည်း တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ဘာစီလိုနာဂိုးပေါ်ကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဘာစီလိုနာဂိုးပေါ်
