Posted in

တနင်္ဂနွေညအတွက်Super Zay ရဲ့အကြိုက်တစ်ပွဲ

SUNDAY ONE SHOT/ONE TARGET (Super Zay)
********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ပေါ်တူဂီနဲ့ အာမေးနီးယားတို့ရဲ့ပွဲက ရွေးချယ်ထားပါတယ်။ အုပ်စုဇယားထိပ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ပေါ်တူဂီဟာ ပြီးခဲ့တဲ့ကြာသပတေးက အိုင်ယာလန်မြေမှာ မထင်မှတ်တဲ့အရှုံးနဲ့ ကြုံခဲ့ရပေမယ့် ခြေစစ်ပွဲအောင်ဖို့ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရှိနေဆဲပါ။

အခုအိမ်ကွင်းပွဲမှာ အာမေးနီးယားကို နိုင်တာနဲ့ ပေါ်တူဂီ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ အိုင်ယာလန်နဲ့ပွဲတုန်းက အနီကတ်ပြခံရတဲ့ အသင်းခေါင်းဆောင်စီရော်နယ်ဒိုပွဲပယ်ထိထားပေမယ့် ခံစစ်အားနည်းတဲ့ပြိုင်ဘက်ကြောင့် အဲဒါက ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်ပါဘူး။ ဒါ့အပြင် ပွဲပယ်ကြောင့် အိုင်ယာလန်နဲ့ပွဲကို လွဲခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ပြန်ပါမှာ ဖြစ်တာကြောင့် ပေါ်တူဂီကွင်းလယ်အတွက် ပိုကောင်းသွားနိုင်ပါတယ်။ နောက်ပြီး ပေါ်တူဂီတိုက်စစ်မှာ ဂွန်ကာလိုရာမို့စ်နဲ့ ရာဖေးလ်လီယာအိုတို့လို ကစားသမားတွေလည်း ရှိသေးတာပါ။

အာမေးနီးယားကတော့ ပ-ကျော့ အိမ်ကွင်းမှာကတည်းက ပေါ်တူဂီကို၅ ဂိုးပေးခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အာမေးနီးယားဟာ အုပ်စုတွင်းအဝေးကွင်း ၂ ပွဲစလုံးကိုလည်း ဂိုးမသွင်းနိုင်ဘဲ ရှုံးထားပါတယ်။ ဒါကြောင့်မို့လည်းပေါ်တူဂီရဲ့အကျောပေးမှုဟာ စတည်ကြေး ၂-၁၀၀ ကနေ ၃+၂၀ အထိထိုးတက်သွားတာပါ။ ပွဲစကတည်းက အစွမ်းကုန်တိုက်စစ်ဆင်ပြီး အနိုင်သေချာအောင် ရသလောက်သွင်းမယ့် ပေါ်တူဂီကို တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ပေါ်တူဂီ

Leave a Reply

Your email address will not be published. Required fields are marked *