အိမ်ရှင်ရဲ့ ခံစစ်မာဂုဏ်ကိုယုံကြည်တာမို့ ဂိုးအောက်ကိုသာရွေးထားချင်ပါတယ်
အယ်ဘေးနီးယား – အင်္ဂလန်
တနင်္ဂနွေ ည (၂း၁၅)နာရီ
Diamond Seven
တနင်္ဂနွေနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကို ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲများထဲမှ အယ်ဘေးနီးယား-အင်္ဂလန်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ အင်္ဂလန်က အုပ်စုပထမနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်သွားပြီဖြစ်သလို အယ်ဘေးနီးယားကလည်း အုပ်စုဒုတိယနဲ့ ပလေးအော့ဖ်ကစားခွင့်ရနေပြီမို့ အခုပွဲက နှစ်သင်းစလုံးအတွက် အရေးမပါတော့ဘူး။ အယ်ဘေးနီးယား ယခုလို
ရလဒ်တွေကောင်းလာခဲ့ရာမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အဓိကကျခဲ့ပြီးခြေစစ်ပွဲနောက်ဆုံး ၅ပွဲမှာ ပေးဂိုးစုစုပေါင်းက ၁ဂိုးသာရှိခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။
အခု အိမ်ကွင်းရင်ဆိုင်ရမယ့်ပွဲမှာလည်း ခံစစ်မာဂုဏ်အားနဲ့သာ အင်္ဂလန်ကိုခံကန်မှာ သေချာပါတယ်။ အင်္ဂလန်က အဝေးကွင်းဆို ကစားအားသိသိသာသာအားနည်းသလို အရေးမပါတော့တဲ့ပွဲစဉ်မို့လည်း နည်းပြ တူချယ်အနေနဲ့
အရန်ကစားသမားအများစုကို ထည့်ပြီး ကစားကွက်စမ်းသပ်ဖို့ များပါတယ်။ ဟယ်ရီကိန်း၊ ဆာကာ တို့သာမပါလာခဲ့ရင် အင်္ဂလန်တိုက်စစ်ဂိုးရဖို့ကလည်း ခက်ခက်ခဲခဲရုန်းရနိုင်ပါတယ်။ အိမ်ရှင်ရဲ့ ခံစစ်မာဂုဏ်ကိုယုံကြည်တာမို့ ဂိုးအောက်ကိုသာရွေးထားချင်ပါတယ်။
