SATURDAY ONE SHOT/ONE TARGET (Super Zay)
*************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို မန်စီးတီးနဲ့လိဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲက ရွေးချယ်ထားပါတယ်။ အဆင့် ၃ အသင်းနဲ့ တန်းဆင်းဇုန်ထဲက အသင်းတို့ရဲ့တွေ့ဆုံမှုလု့ိ ဆိုရင်လည်း မမှားပါဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၂ ပွဲဆက် ရှုံးထားတဲ့ မန်စီးတီးအတွက်
တော့ မဖြစ်မနေ ရုန်းထရမယ့်ပွဲပါ။
စီးတီးဟာ ကြားရက်ချန်ပီယံလိဂ်တုန်းက လူစာရင်းအပြောင်းအလဲ ၁၀ ယောက်တောင် လုပ်ပြီး ဟာလန်းနဲ့ ချက်ကီတု့ိလို ကစားသမားတွေကို ဒုတိယပိုင်းရောက်မှ ထည့်လို့ မထင်မှတ်တဲ့ အရှုံးနဲ့ ကြုံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်းကာဆယ်ကို ရှုံးခဲ့တာကြောင့် ဒုတိယနေရာကနေ တတိယနေရာကို ဆင်းပေးလိုက်ရတာပါ။ ဒါကြောင့် ပေါက်ကွဲပြမယ့် မန်စီးတီးကို မြင်တွေ့ရနိုင်ပါတယ်။ လိဒ်ကတော့ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအရှုံးနဲ့ အခြေအနေဆိုးနေတာပါ။
နောက်ဆုံးအဝေးကွင်း ၂ ပွဲမှာဆိုလည်း လိဒ်ဟာ နော်တင်ဟမ်နဲ့ ဘရိုက်တန်တို့လိုအသင်းတွေကိုတောင် ၃ ဂိုးစီ ပေးခဲ့ရတယ်။ ဒါ့အပြင် လိဒ်ဟာ မန်စီးတီးနဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၄ ကြိမ်စလုံးကို ရှုံးထားသလို အဲဒီပွဲတွေမှာ ၁၆ ဂိုးတောင်ပေးခဲ့ရတာပါ။ ဒီအနေအထားမှာ စီးတီးရဲ့အကျောပေးမှုက ၂+၆၅ ကနေ ၂+၃၅ ကိုတက်လာတယ်။ ဒါကြောင့်လည်း စနေညအတွက် တစ်ကွက်ကောင်းအဖြစ်ပေါက်ကွဲလာမယ့် စီးတီးကို ရွေးချယ်ပေလိုက်တာပါ။
ရွေးချယ်မှု – မန်စီးတီး
