SUNDAY ONE SHOT/ONE TARGET (Super Zay)
******************************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ဝက်စ်ဟမ်းနဲ့လီဗာပူးတို့ရဲ့ပရီးမိးယားလိဂ်ပွဲကရွေးချယ်ထားပါတယ်။ တန်းဆင်းဇုန်ကပ်လျက်က အသင်းနဲ့ အဆင့် ၁၂ အထိထိုးဆင်းလာတဲ့ အသင်းကြီးတစ်သင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။
ဝက်စ်ဟမ်းက နူနိုဆန်တိုလက်ထက်မှာလည်း ဆက်လက်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ကစားပုံ မိလာသလို ရလဒ်လည်း တိုးတက်လာတယ်။
အဲဒီလန်ဒန်ကလပ်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာဆို ၇ မှတ်စုဆောင်းနိုင်ခဲ့လို့ တန်းဆင်းဇုန်ထဲက ထွက်နိုင်ခဲ့တာပါ။ အဲဒီ ၃ ပွဲမှာ ဘိုဝင်တို့တိုက်စစ်ကအနိမ့်ဆုံး ၂ ဂိုးနှုန်း သွင်းနိုင်ခဲ့ပေမယ့် ခံစစ်ကတော့ အရင်လို ဂိုးတွေ ခွင့်ပြုနေရဆဲပါပဲ။ လီဗာပူးကတော့ သူတု့ိအတွက် အဆိုးရွားဆုံးကာလကို ဖြတ်သန်းနေရပြီး ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲမှာဆို စုစုပေါင်း ၁၀ ဂိုးတောင် ပေးခဲ့ရတယ်။ လက်ရှိအခြေအနေဆိုးကို အဆုံးသတ်နိုင်ဖို့ လီဗာပူးအစွမ်းကုန်ရုန်းလာမှာ ဆိုပေမယ့် ဗန်ဒစ်ဂျ်တို့ခံစစ်ကတော့ ဒီအချိန်မှာ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်သေးပါဘူး။
တကယ်လို့ ဝက်စ်ဟမ်းနဲ့အတွေ့မှာ လီဗာပူးပြန်ရုန်းထနိုင်မယ်ဆိုရင်တောင် ဂိုးပြန်ပေးရဖို့ များပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းနဲ့ လီဗာပူးတို့ကြားက နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲစလုံးမှာလည်း နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားတာပါ။ ဒီအနေအထားမှာ ၃-၁၀ ဆိုတဲ့ ဂိုးပေါင်းဈေးကလည်း မနိမ့်ပါဘူး။ အဲဒါကြောင့်လည်းတနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ဝက်စ်ဟမ်းဂိုးပေါ်ကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ဝက်စ်ဟမ်းဂိုးပေါ်
