SATURDAY ONE SHOT/ONE TARGET (Super Zay)
********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို နယူးကာဆယ်နဲ့ ဘန်လေတို့ရဲ့ပရီးမီးယားလိဂ်ပွဲကရွေးချယ်ထားပါတယ်။ အဆင့် ၁၂ နဲ့ တန်းဆင်းဇုန်ထဲက အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နယူးကာဆယ်က ထိပ်ဆုံး ၁၀ သင်းပြင်ပရောက်နေပေမယ့် သူတို့ရဲ့လက်ရှိအိမ်ကွင်းခြေကတော့ အကောင်းဆုံးပုံစံလို့ ဆိုရမှာပါ။
ကြားရက်ထဲက စပါးနဲ့ ပွဲမှာလည်း ၉၆ မိနစ် ချေပဂိုးသာ မပေးရရင်ကာဆယ်ဟာ အိမ်ကွင်းနိုင်ပွဲဆက်ဖို့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း ၇ ပွဲမှာ ၆ ပွဲနိုင်ခဲ့တဲ့ ကာဆယ်ရဲ့လက်ရှိအိမ်ကွင်းခြေက အထင်ကြီးစရာပါ။ တန်းဆင်းဇုန်ထဲက ဘန်လေကတော့ ၅ ပွဲဆက်အရှုံးနဲ့ နာလန်မထူနိုင်ဖြစ်နေပါတယ်။ အဲဒီတန်းတက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အဝေးကွင်းအညံ့ဆုံးအသင်းတွေထဲမှာ ပါဝင်ပြီး အဝေးကွင်း ၇ ပွဲမှာ ၆ ပွဲ ရှုံးထားတာပါ။
အစဉ်အလာကြည့်တော့လည်း ဘန်လေဟာ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၆ ပွဲစလုံးကို ရှုံးထားပါတယ်။ ဆိုတော့ စိန့်ဂျိမ့်စ်ပါ့ခ်မှာလည်း ဘန်လေရဲ့လက်ရှိရှုံးပွဲဆက်နေမှုဟာရပ်တန့်ဖို့ မရှိပါဘူး။ ၂+၆၅ ဆိုတဲ့ ကာဆယ်ရဲ့အကျောပေးမှုကလည်းပြင်းပါတယ်။ ဒါကြောင့်လည်း စနေညအတွက် တစ်ကွက်ကောင်းအဖြစ်အနိမ့်ဆုံး ၂ ဂိုးပြတ်မယ့် ငှက်ကျားတွေကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – နယူးကာဆယ်
