Posted in

တနင်္ဂနွေညအတွက် Super Zay ရဲ့အကြိုက်တစ်ပွဲ

SUNDAY ONE SHOT/ONE TARGET (Super Zay)
***********************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ရီးရဲလ်နဲ့ဆယ်တာဗီဂိုတို့ရဲ့လာလီဂါပွဲကရွေးချယ်ထားပါတယ်။ ဒုတိယနေရာက ရီးရဲလ်ဟာ သူ့အထက် ၁ မှတ်သာတဲ့ဘာစီလိုနာကို ဖိအားပေးနိုင်ဖို့ဆို နိုင်ထားမှ ဖြစ်မှာပါ။ ပြီးခဲ့တဲ့ကြားရက်တုန်းက ဘီလ်ဘာအိုကွင်းမှာ အနိုင်ရပြီး လာလီဂါ ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကိုအဆုံးသတ်နိုင်ခဲ့တာက ရီးရဲလ်အတွက် အလှည့်အပြောင်းဖြစ်စေနိုင်ပါတယ်။

အလွန်ဆိုရဲ့အသင်းဟာ ဒီရာသီ အိမ်ကွင်းမှာတော့ ပြိုင်ပွဲစုံ ရာနှုန်းပြည့်နိုင်ထားတာပါ။ ဒါ့အပြင် ဘက်ပီတို့တိုက်စစ်က အိမ်ကွင်းပွဲအများစုမှာလည်းအနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းထားပါတယ်။ ဒီတစ်ပတ် ဘာနေဗျူးမှာ ဧည့်ခံရမယ့်ဆယ်တာဗီဂိုဆိုတာကလည်း နောက်ဆုံးတွေ့ဆုံမှု ၁၉ ပွဲမှာ ၁၈ ပွဲကို ရီးရဲလ်အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့တဲ့အသင်းပါ။ ဇယားအလယ်က ဆယ်တာကလည်း ဒီရာသီ အဝေးကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ မရှိပါဘူး။

ဒါ့အပြင် ဆယ်တာဟာ အသင်းကြီးတွေနဲ့ဆို ဂိုးသွင်းခြေစွမ်းပြတတ်တာပါ။ဒီရာသီ ဘာစီလိုနာ၊ အက်သလက်တီကိုတို့နဲ့ပွဲတွေမှာလည်း ဆယ်တာဟာအပြန်အလှန်သွင်းဂိုး ရှိခဲ့ပါတယ်။ အဲဒီလိုပဲ ရီးရဲလ်နဲ့ဆယ်တာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၂၅ ပွဲမှာလည်း ၂၁ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက်ရှိခဲ့တာပါ။ ဂိုးပေါင်းဈေးကလည်း ၃-၅၀ ကနေ ၃-၁၀၀ ကို တက်လာတာကြောင့် တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ရီးရဲလ်ဂိုးပေါ်ကိုရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ရီးရဲလ်ဂိုးပေါ်

Leave a Reply

Your email address will not be published. Required fields are marked *