Posted in

Super Zay ရဲ့တနင်္ဂနွေညအကြိုက်တစ်ပွဲ

SUNDAY ONE SHOT/ONE TARGET (Super Zay)
**********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ဆန်းဒါးလန်းနဲ့ နယူးကာဆယ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲကနေ ရွေးချယ်ထားပါတယ်။ ဆန်းဒါးလန်းနဲ့ နယူးကာဆယ်တို့ရဲ့တိုင်းဝဲဒါဘီဆိုတာ အင်္ဂလိပ်ဘောလုံးရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဒါဘီတွေထဲက တစ်ခုပါ။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း ဆန်းဒါးလန်နဲ့ ကာဆယ်တို့အကြား ၁ မှတ်သာ ကွာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အခုချိန်ထိ အိမ်ကွင်းမရှုံးသေးတာဆိုလို့ အာဆင်နယ်နဲ့အတူ ဆန်းဒါးလန်းပဲ ကျန်တော့တာပါ။ တန်းတက်ဆိုပေမယ့် ဒီရာသီမှာ အသင်းကြီးတွေတောင် ခပ်မာမာ ဆန်းဒါလန်းကိုမနည်းကန်ရပါတယ်။ ဒါ့အပြင် ဆန်းဒါးလန်းဟာ ကြားရက်ချန်ပီယံလိဂ်အဝေးကွင်းကန်ထားရတဲ့ ကာဆယ်ထက် တိုင်းဝဲဒါဘီကို ပိုပြင်ဆင်ချိန်ရထားတာပါ။ ကာဆယ်ကတော့ အခုရာသီ ပရီးမီးယားလိဂ်မှာအဝေးကွင်းအားနည်းပြီး အဲဒီက အဝေးကွင်း ၇ ပွဲမှာ ၁ ပွဲသာနိုင်သေးတယ်။

ဒါ့အပြင် ကာဆယ်ဟာ ဆန်းဒါးလန်းနဲ့အမှတ်ပေးတွေ့ဆုံမှုနောက်ဆုံး ၉ ပွဲစလုံးမှာ နိုင်ပွဲမရှိခဲ့ဘဲ ၆ ပွဲ ရှုံးထားတာပါ။ ထိပ်တိုက်တွေ့ဆုံမှု၊ ကာဆယ်ရဲ့လက်ရှိအဝေးကွင်းခြေတို့အရဆန်းဒါးလန်း ပိုအားသာတဲ့ ဒါဘီ ဖြစ်နေတယ်။ အဲဒါကြောင့်လည်းကာဆယ်ရဲ့အကျောပေးမှုဟာ မူလ =၉၀ ကနေ =၅၀ ကို ကျသွားတာပါ။ ဆိုတော့ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ်တိုင်းဝဲဒါဘီမှာ အနိုင်မခံ အရှုံးမပေးကစားပြမယ့် ကြောင်နက်တွေကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ဆန်းဒါးလန်း

Leave a Reply

Your email address will not be published. Required fields are marked *