SATURDAY ONE SHOT/ONE TARGET (Super Zay)
***************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို နော်တင်ဟမ်နဲ့ မန်စီးတီးတို့ရဲ့ပရီးမီးယားလိဂ်ပွဲကရွေးချယ်ထားပါတယ်။ တန်းဆင်းဇုန်ကပ်လျက်အသင်းနဲ့ ဒုတိယနေရာကအသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နော်တင်ဟမ်က ဒိုင်ချီလက်ထက်မှာ ရလဒ်ပိုင်းတိုးတက်လာတယ်ဆိုပေမယ့် လက်ရှိအချိန်ပရီးမီးယားလိဂ်မှာ အားရဖွယ် မဟုတ်သေးဘူး။
နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာဆို နော်တင်ဟမ် ၁ ပွဲသာ နိုင်ပြီး ၂ ပွဲရှုံးခဲ့တာပါ။မန်စီးတီးကတော့ ပြိုင်ပွဲစုံ ၇ ပွဲဆက်အနိုင်နဲ့အတူ အကောင်းဆုံးပုံစံရနေပါတယ်။ အဲဒါကြောင့်လည်း စီးတီးဟာ ဦးဆောင်သူအာဆင်နယ်ကို ၂ မှတ်အကွာနဲ့ဆက်လက်ဖိအားပေးနိုင်ဆဲပါ။ အာဆင်နယ်အမှားကို ကျော်တက်ချင်ရင်တောင်စီးတီးဟာ လက်ရှိနိုင်ပွဲဆက်ခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့ လိုပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ဘောလုံးရာသီရဲ့အခုလိုအချိန်မျိုးမှာ ပိုပြီးတော့လည်းအရှိန်ရတတ်တာပါ။ နော်တင်ဟမ်နဲ့နနောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာလည်းမန်စီးတီး ၄ ကြိမ်နိုင်ထားပါတယ်။ အဝေးကွင်း ၁= ဆိုတဲ့ စီးတီးရဲ့ဈေးကလည်းမနိမ့်ပါဘူး။ ဒါကြောင့် စနေညအတွက် တစ်ကွက်ကောင်းအဖြစ် ၂ ဂိုးပြတ်၊မပြတ်ကိုသာ ကြည့်ရမယ့် မန်စီးတီးကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – မန်စီးတီး
