SATURDAY ONE SHOT/ONE TARGET (Super Zay)
************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို အက်စ်ပန်ညိုနဲ့ ဘာစီလိုနာတို့ရဲ့လာလီဂါပွဲက ရွေးချယ်ထားပါတယ်။ အဆင့် ၅ အသင်းနဲ့ ဇယားထိပ်ဆုံးအသင်းတို့ရဲ့တွေ့ဆုံမူဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် နှစ်သင်းစလုံးက လက်ရှိအချိန် လာလီဂါမှာ
နိုင်ပွဲဆက်နေကြတာပါ။
အက်စ်ပန်ညိုဆို လာလီဂါမှာ နောက်ဆုံး ၅ ပွဲဆက် နိုင်ထားပါတယ်။ အက်စ်ပန်ညိုက ဒီရာသီမှာ အိမ်ကွင်းလည်း ကောင်းပေမယ့် ဗီလာရီးရဲလ်၊ဘက်တစ်တို့ကို အိမ်ကွင်းမှာပဲ ရှုံးခဲ့လို့ ကွာလတီပြိုင်ဘက်တွေနဲ့ဆို သူတို့ရုန်းကန်ရတတ်တာ အထင်အရှားပါ။ လက်ရှိဘာစီလိုနာကတော့ ပြိုင်ပွဲစုံ၇ ပွဲဆက်အနိုင်နဲ့အတူ ရပ်တန့်မရ ဖြစ်နေပါတယ်။ ဟန်ဆီဖလစ်လက်ထက်ဘာကာက ဂိုးအလွယ်တကူ ပေးရတတ်ပေမယ့် နောက်ဆုံးအဝေးကွင်းပွဲမှာ ဗီလာရီးရဲလ်ကို ပေးဂိုးမဲ့ နိုင်ထားတာပါ။
ဒါကြောင့် ဂိုးပေါင်းဈေးက မူလ ၃-၂၀ ကနေ ၃-၈၀ ကို ထိုးတက်သွားပေမယ့် ဂိုးပေါင်းက စွန့်စားရာကျနိုင်ပါတယ်။ ဘာစီလိုနာဘော်ဒီဈေးကလည်း မူလ ၁= ကနေ ၁-၂၀ ကို တက်လာတာပါ။ ထိပ်တိုက်တွေ့ဆုံမှုအရလည်း ဘာစီလိုနာဟာ အက်စ်ပန်ညိုနဲ့ နောက်ဆုံး ၇ ပွဲစလုံးမှာမရှုံးခဲ့ဘဲ ၅ ပွဲနိုင်ထားပါတယ်။ အဲဒါကြောင့်လည်း စနေညအတွက်တစ်ကွက်ကောင်းအဖြစ် ကာတာလတန်ဒါဘီမှာ ၂ ဂိုးပြတ်၊မပြတ်သာဘာစီလိုနာကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဘာစီလိုနာ
