အသင်းကြီးအချင်းချင်းအမှားချောင်းထိန်းကစားကြမှာမို့ ဂိုးအောက်ပဲရွေးမယ်
Diamond Seven – Tipster
ယခုတစ်ပတ်တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ကိုစီးရီးအေပွဲစဉ်ဖြစ်တဲ့လာဇီယို-နာပိုလီ ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
လာဇီယို
လာဇီယိုကဒီရာသီမှာ ခံစစ်ကိုပိုအားပြုကစားနေတာတွေ့ရပါတယ်။ စီးရီးအေနောက်ဆုံး ၁၁ ပွဲဆက် ၂ဂိုးနဲ့အောက်ပွဲတွေသာဖြစ်ခဲ့သလို ၁-၁၊ ဝ-ဝ သရေရလဒ်မျိုးတွေ အဖြစ်များခဲ့ပါတယ်။ ရိုမက်နိုလီ၊ ပယ်လီဂရီနီတို့လိုဝါရင့်ကစားသမားတွေရှိနေတဲ့ ခံစစ်ကလည်း ကစားအားကောင်းတာမို့ နာပိုလီတိုက်စစ်ကိုလည်း သေချာပေါက်ထိန်းချုပ်ကစားနိုင်ဦးမှာပါ။ ဒါပေမဲ့ တိုက်စစ်မှာတော့ကက်စတယ်လာနို့စ်၊ ပီဒရိုတို့ ခြေကျနေသလိုဇက်ကာဂနီ၊ နော့စလင်းတို့ကလည်း ထင်သလိုအားမကိုးရတာမို့ တစ်ပွဲ တစ်ဂိုးရအောင်တောင်မနည်းရုန်းနေရပါတယ်။
နာပိုလီ
နာပိုလီကလည်း ခံစစ်ပိုင်းမာဂုဏ်ပြသနေမှုနဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းနားပြန်ရောက်လာခဲ့ပါတယ်။စီးရီးအေနောက်ဆုံး ၄ပွဲမှာ စုစုပေါင်းပေးဂိုးက ၁ဂိုးသာရှိခဲ့ပြီးခံစစ်ပိုင်းကစားပုံ သိသိသာသာကောင်းနေတဲ့ နာပိုလီအနေနဲ့ လာဇီယိုကွင်းမှာလည်းဆက်လက်ခြေစွမ်းပြနိုင်ဦးမှာပါ။ရက်ရှ်မာနီ၊လော်ရန်ဇိုနဲ့ ဂျီးဆပ်တို့ခံစစ်ပိုင်းကိုထိုးဖောက်ဂိုးသွင်းနိုင်ဖို့မလွယ်သလို တွမ်မီနေး၊ လိုဘော့ကာတို့ ကလည်းကွင်းလယ်ကနေ ခံစစ်ပိုင်းကိုဆင်းပြီး ဖျက်ထုတ်မှုတွေလုပ်ပေးနေတာမို့ နာပိုလီခံစစ်ပိုလုံခြုံနေခဲ့တာဖြစ်ပါတယ်။
ခန့်မှန်းချက်
နာပိုလီက -၄၀ နဲ့ ဂိုးပေါင်းကြေး၂-၁၀ ဖွင့်လှစ်ထားပါတယ်။ဒီပွဲစဉ်မှာလည်းဘော်ဒီရွေးချယ်မှုကိုရှောင်ချင်ပြီး ဂိုးပေါင်းကိုသာအဓိက ရွေးပေးချင်ပါတယ်။ လတ်တလောမှာလာဇီယိုရောနာပိုလီပါခံစစ်ပိုင်းမာဂုဏ်အတော်ကောင်းနေတာ အားလုံးအသိပါပဲ။ အသင်းကြီးအချင်းချင်းတွေ့ဆုံမှုမှာလည်းအမှားချောင်းပြီးထိန်းကစားကြတာများပါတယ်။ ဒါကြောင့်အခုပွဲကို ဂိုးအောက်သာအပိုင်ရွေးထားချင်ပါတယ်။
