ဖာဂူဆန်နဲ့ဒိုင်ဘာလာတို့တိုက်စစ် ဂိုးစောစောရသွားမယ်ဆိုရင် ရိုးမားအနိုင်ကပြတ်သားသွားမှာပါ
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့ အကြိုက်ဆုံး အပိုင်တစ်ကွက်ရွေးချယ်မှုကို စီးရီးအေပွဲစဉ်ဖြစ်တဲ့ ရိုးမား- ဆက်ဆူအိုလိုပွဲစဉ်ကနေရွေးချယ်ပေးချင်ပါတယ်။
ရိုးမား
ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက်ဂျူဗင်တပ်၊ ကိုမိုတို့နဲ့ အပြိုင်ဖြစ်နေတဲ့ရိုးမားအနေနဲ့ အခုလို အိမ်ကွင်းပွဲမျိုးမှာလုံးဝအမှားခံမှာမဟုတ်ပါဘူး။ လတ်တလောမှာလည်းရိုးမားခြေစွမ်းကအားရစရာကောင်းနေပြီးနောက်ဆုံးပွဲမှာဆိုရင်အဝေးကွင်းမှာ
တောင်လက်ချီကို ဝ-၂ နဲ့ သာသာယာယာအနိုင်ယူပြခဲ့ပါတယ်။နည်းပြဂတ်စ်ပါရီနီလိုအရည်အသွေးကောင်းတဲ့သူကိုင်တွယ်နေတာဖြစ်သလို ဒိုင်ဘာလာ၊ ဖာဂူဆန်၊ ခရစ်စတန်တီ၊အယ်ရှာရာဝီတို့လို ကစားသမားကောင်းတွေရှိနေတာမို့ရိုးမားကိုအိမ်ကွင်းမှာဆိုကောင်းကောင်းယုံကြည်လို့ရနေပါတယ်။
ဆက်ဆူအိုလို
ဆက်ဆူအိုလိုကခြေစွမ်းပြန်ကျသွားပြီးနောက်ဆုံးပွဲမှာဆိုအိမ်ကွင်းမှာကစားခဲ့ရတာတောင် ဂျူဗင်တပ်ကိုဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ဝ-၃ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။နောက်ဆုံး ၅ပွဲဆက်လည်းနိုင်ပွဲပျောက်နေသလိုဒီရာသီအသင်းကြီးတွေနဲ့ တွေ့ဆုံမှုတွေမှာလည်း သရေနဲ့ အရှုံးရလဒ်တွေသာအဖြစ်များခဲ့တဲ့ ဆက်ဆူအိုလိုဆီက အများကြီးမျှော်လင့်လို့မရနိုင်ပါဘူး။ မာတစ်၊ ပီနာမွန်တီတို့ကိုသာ အားကိုးနေရတဲ့ ကစားသမားအစုအဖွဲ့ကလည်း ရိုးမားကိုယှဉ်ကန်နိုင်ဖို့ခက်ခဲနေဦးမှာပါ။
ခန့်မှန်းချက်
ရိုးမားက ၁+၁၀ အထိ ကြေးပြင်းဖွင့်လှစ်ထားပါတယ်။ ဒီရာသီ ယူရိုပါလိဂ်ရော၊ စီးရီးအေမှာပါ ပုံစံကောင်းပြသနေတဲ့ ရိုးမားအနေနဲ့ အခု အိမ်ကွင်းမှာလည်း ဆက်ဆူအိုလိုကို ကောင်းကောင်း အသာစီးရယူကစားနိုင်မှာသေချာပါတယ်။ ဖာဂူဆန်နဲ့ ဒိုင်ဘာလာတို့ တိုက်စစ် ဂိုးစောစောရသွားမယ်ဆိုရင်ရိုးမားအနိုင်ကပြတ်သားသွားမှာပါ။
