Posted in

စနေညအတွက်Super Zay ရဲ့ရွေးချယ်မူ

SATURDAY ONE SHOT/ONE TARGET (Super Zay)
****************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ပရီးမီးယားလိဂ်က ရွေးထားပြီး ချဲလ်ဆီးနဲ့ဘရန့်ဖို့ဒ်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ လက်ရှိပရီမီးယားလိဂ်အမှတ်ပေးဇယားမှာဘရန့်ဖို့ဒ်ကတောင် ချဲလ်ဆီးရဲ့အထက် ရောက်နေပါတယ်။ ချဲလ်ဆီးက
၃၁ မှတ်နဲ့ အဆင့် ၈ အထိ ထိုးဆင်းသွားပေမယ့် ဘရန့်ဖိ့ုဒ်ကတော့ ၃၃ မှတ်နဲ့အဆင့် ၅ အထိ တက်လာတာပါ။

ချဲလ်ဆီးကတော့ နည်းပြသစ်ရိုဆင်ညော်လက်ထက်မှာ တိုက်စစ်အစွမ်းပြနေပေမယ့် ခံစစ်ပြသနာကို မဖြေရှင်းနိုင်သေးပါဘူး။ ချဲလ်ဆီးရဲ့ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း ၅ ပွဲမှာလည်း ၄ ပွဲက အပြန်အလှန်သွင်းဂိုး ရှိခဲ့တာပါ။သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်အတွက် ရိုဆင်ညော်က အကောင်းဆုံးပြင်ဆင်ထားမှာ ဆိုပေမယ့် ဘရန့်ဖို့ဒ်လို အကောင်းဆုံးပုံစံအရ အသင်းနဲ့ ရင်ဆိုင်နေရတာမု့ိ ရှေ့ပွဲတွေကလို ခံစစ်က ဂိုးတွေ ပေးရနိုင်တယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ ၅ ပွဲနိုင်ခဲ့တဲ့ လက်ရှိဘရန့်ဖို့ဒ်ရဲ့ခြေစွမ်းအထင်ကြီးစရာပါ။

ဘရန့်ဖို့ဒ်တိုက်စစ်မှာလည်း ဘရာဇီးသားသီယာဂို အထူးခြေစွမ်းပြနေပါတယ်။ထိပ်တိုက်တွေ့ဆုံမှုကြည့်တော့ ချဲလ်ဆီးနဲ့ဘရန့်ဖို့ဒ်တို့ နောက်ဆုံးတွေ့ကြတဲ့၄ ကြိမ်မှာလည်း ၃ ကြိမ်က နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိခဲ့တာပါ။ ဒီလိုအချိန် ဂိုးပေါင်းဈေးကလည်း မူလ ၃+၆၀ ကနေ ၃+၂၅ ကို တက်လာပါတယ်။ဒါကြောင့်မို့လည်း စနေညအတွက် တစ်ကွက်ကောင်းအဖြစ် ဂိုးမြူးမယ့်လန်ဒန်ဒါဘီကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဂိုးပေါ်

Leave a Reply

Your email address will not be published. Required fields are marked *