SUNDAY ONE SHOT/ONE TARGET (Super Zay)
************************************************
ONE SHOT/ONE TARGET ဆိုတာဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံးပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက်တစ်ကွက်ကောင်းကို လာလီဂါက ရွေးချယ်ထားပြီးဆိုစီဒက်နဲ့ဘာစီလိုနာတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ ဇယားအလယ်အသင်းနဲ့ ၄ မှတ်ဖြတ်ဦးဆောင်နေတဲ့အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ပုံစံကောင်းလည်း ရနေကြတာပါ။
ဆိုစီဒက်ဆိုနည်းပြသစ်မာတာရာဇိုလက်ထက်မှာရှုံးပွဲမရှိသေးဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ လာလီဂါမှာ တီကိုလိုအသင်းကိုသရေကန်နိုင်ခဲ့တဲ့ပွဲလည်းပါဝင်တာပါ။ ဆိုတော့ လက်ရှိဆိုစီဒက်ဘာစီလိုနာကို ဒုက္ခပေးနိုင်တဲ့ခြေစွမ်းမျိုး ရှိပါတယ်။ စပိန်စူပါဖလားချန်ပီယံဘာစီလိုနာကလည်းပြိုင်ပွဲစုံ ၁၁ ပွဲဆက်အနိုင်နဲ့ ရပ်တန့်မရ ဖြစ်နေတာပါ။
ဒါပေမဲ့ ဘာစီလိုနာဟာ နောက်ဆုံးလာလီဂါအဝေးကွင်းပွဲတုန်းက အက်စ်ပန်ညိုကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီးဂိုးသမားလက်စွမ်းပြလို့သာ ကံကောင်းစွာနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်နှစ်တွေအတွင်း ဆိုစီဒက်ကွင်းတွေ့ဆုံမှုတွေမှာ ဘာစီလိုနာဟာ အမြဲလို ခက်ခဲခဲ့တာပါ။ အဲဒီတော့၁= အကျောပေးထားတဲ့ ဘာစီလိုနာအတွက် နိုင်မယ်ဆိုရင်တောင် ၂ ဂိုးပြတ်ဖို့ မလွယ်ပါဘူး။ အခန့်မသင့်ရင်သရေတောင် ကျသွားနိုင်လို့ ၂ ဂိုးပြတ်မရှုံးနိုင်တဲ့ အိမ်ရှင်ကို တနင်္ဂနွေညအတွက်တစ်ကွက်ကောင်းအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ဆိုစီဒက်
