Posted in

စနေညအတွက်ဇဝန ရဲ့ဇောင်း

Jan / 31 ~ 2026 # SAT
#ဇောင်းးးးး
#ဇဝန
ဇောင်းးးဆိုတာ ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ ရိုက်ကွက်တွေကိုသုံးသပ်မိတ်ဆက်ပေးထားတာပါ။ ဖြစ်သင့်၊ဖြစ်ထိုက်တယ်လို့ ညီအစ်ကိုတွေအားလုံးရဲ့ စိတ်ထဲမှာ ခံစားမိမှဇောင်းးးကို စိတ်ကြိုက်ပုံအောလိုက်ပါ။ #ဇောင်းးးဟာ #ဇောင်းးးးးပါပဲ။

စနေညအတွက် မိတ်ဆက်ပေးခဲ့ချင်တဲ့ ပွဲစဉ်ကတော့(ဖရန့်ဖတ်~လေဗာကူဆင်)ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် (လေဗာကူဆင်)အသင်းက =-၃၀အရှုံးအကျောပေးထားပြီး ဂိုးပေါင်းစျေးကွက် ၃=သရေဖွင့်လှစ်ပေးထားပါတယ်။ စျေးကွက်အမြင်တစ်ခုအနေနဲ့ ကြည့်လိုက်ရင် (လေဗာကူဆင်)အသင်းရဲ့ခေါင်းကြေးထိုးပေးမှုက အထူးအဆန်းဖြစ်နိုင်ပေမယ့်(ဖရန့်ဖတ်)အသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၆)ပွဲဆက်နိုင်ပွဲ မရရှိထားသေးတဲ့ အချက်အလက်တွေနဲ့ ချိန်ထိုးကြည့်လိုက်ရင် (လေဗာကူဆင်)အသင်းရဲ့ ခေါင်းကြေး=-၃၀အရှုံး ဖွင့်လှစ်ပေးထားမှုဟာ လမ်းမှန်၊ကမ်းမှန်ဖြစ်နေတာ မြင်တွေ့ရပါလိမ့်မယ်။

(ဖရန့်ဖတ်)အသင်းရဲ့အိမ်ကွင်း စျေးကွက်လမ်းကြောင်းတွေအရ လေ့လာကြည့်လိုက်ရင်လည်း (ဟော့ဖန်ဟိမ်း)လို အသင်းကတောင် ခေါင်းကြေးထိုးပေးခဲ့ရတာမို့(လေဗာကူဆင်)အသင်းရဲ့ =-၃၀အရှုံး ဖွင့်လှစ်မှုဟာအထူးအဆန်း မဟုတ်ဘူးလို့ပဲ ကောက်ချက်ဆွဲမိပါတယ်။ ဒီပွဲစဉ်အတွက် အထူးအဆန်းဖြစ်နေတဲ့အခင်းအကျင်းကတော့ ဂိုးပေါင်းစျေးကွက်၃=သရေ ဖွင့်လှစ်ပေးထားမှုပါပဲ။ ဘွန်ဒက်စ်လီဂါရဲ့စရိုက်အရရော ပြိုင်ဘက်(၂)သင်းရဲ့ စရိုက်အရပါဂိုးပေါင်းစျေးကွက် ၃=သရေ ဆိုတာ တော်တော်လေးကိုပျော့ပျောင်းလွန်းတယ်လို့ ဆိုရပါမယ်။ အမြင်အားဖြင့်ကြည့်လိုက်ရင်လည်း (ဖရန့်ဖတ်)အသင်းဟာ (ဂိုးပေါ်)စရိုက် ပြည့်ဝလွန်းနေသလို ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် (ဂိုးပေါ်)စျေးကွက်တွေ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ထားတဲ့အသင်းပါ။

(လေဗာကူဆင်)အသင်းရဲ့ ခေါင်းကြေးထိုးပေးမှု(ဖရန့်ဖတ်)အသင်းရဲ့ အိမ်ကွင်းတိုက်စစ်အားသာမှုပေါင်းစပ်ကြည့်ရင်တောင် ဒီပွဲစဉ်ရဲ့ ဂိုးပေါင်းစျေးဟာအနိမ့်ဆုံး ၃-၅၀အရှုံးလောက်ထိ ခပ်တင်းတင်းဖွင့်လှစ်ပေးလို့ရနေတဲ့ အနေအထားပါ။ လက်ရှိဂိုးပေါင်းစျေးကွက် ခင်းကျင်းမှုအရတော့အကြောက်တရား ရိုက်ထည့်ထားပြီး ပေါ်ပေါ်တင်တင်လှည့်စားထားတဲ့ စျေးကွက်အခင်းအကျင်းလို့ပဲယူဆမိပါတယ်။ ဘယ်စျေးကွက် ဖွင့်ဖွင့် (ဂိုးပေါ်)ဘက်တစ်ခြမ်းစောင်းမယ့် အနေအထားမှာ ၃=သရေဖွင့်လှစ်မှုက စျေးကွက်ကြည့်ရိုက်မယ့် ဖိုက်တာတွေကိုသေချာပေါက် တွန့်ဆုတ်သွားစေမှာ အသေအချာပါပဲ။စျေးကွက်ထောက်လုံးတွေနဲ့ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်ရင်လည်း (ဂိုးပေါ်)ဘက် ပုံအောဖို့တွန့်ဆုတ်သွားစေမယ့် အကြောင်းတရားတွေကခိုင်ခိုင်မာမာ ရှိနေပြန်ပါတယ်။ အကြောင်းကတော့(လေဗာကူဆင်)အသင်းရဲ့ အဝေးကွင်းဖြတ်သန်းမှုတွေပါပဲ။

(လေဗာကူဆင်)အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်အားက သိသိသာသာ ကျဆင်းနေပြီး ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး(၁၀)ပွဲမှာ(၂)ပွဲတည်းသာ (ဂိုးပေါ်)စျေးကွက် အောင်မြင်ခဲ့ပြီး(၈)ပွဲအထိ (ဂိုးအောက်)စျေးကွက်တွေ အောင်မြင်ထားပါတယ်။ ဒီလိုအချက် အလက်တွေ ခိုင်ခိုင်မာမာအမြင်ရှိနေတာမို့ ၃=သရေထိ လျော့ချဖို့သိပ်ကို အမြင်လှသွားစေပါတယ်။ ကျနော်ကတော့ဒီပွဲစဉ်အတွက် (ဂိုးပေါ်)ဘက်ကိုပဲ မကြောက်မရွံ့ခပ်ရဲရဲပုံအောကြဖို့ အကြံပြုပေးခဲ့ချင်ပါတယ်။(ဖရန့်ဖတ်)အသင်းရဲ့ ခံစစ်ပိုင်းက ပေါက်ထွက်လွန်းနေသလို (လေဗာကူဆင်)အသင်းရဲ့ ခံစစ်ပိုင်းကလည်းထူးမခြားနားပါပဲ။

ပထမပိုင်းတင် ပြိုင်ဘက်(၂)သင်းရဲ့သွင်းဂိုးတွေ မြင်တွေ့ရဖို့ သေချာသလောက်ရှိနေပြီးအစဉ်အလာအားဖြင့်လည်း ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၂၃)ကြိမ်မှာ နှစ်ဖက်ပေါင်း(၃)ဂိုးမပြည့်ခဲ့တာဆိုလို့ (၂)ပွဲတည်းသာ ရှိခဲ့ပါတယ်။ ဂိုးပေါင်းစျေးကွက်ဖွင့်လှစ်မှုအရ မတင်မကျ ဖြစ်နေတာ တစ်ခုကလွဲရင်စရိုက်အရ အားကောင်းလွန်းနေသလို လုပ်နိုင်စွမ်းအရလည်း (၃)ဂိုးပြည့်ဖို့ မခက်ခဲနိုင်တဲ့ ပွဲစဉ်ဖြစ်နေတာမို့(ဂိုးပေါ်)တစ်ပေါက်တည်းကိုပဲ မကြောက်မရွံ့ ပုံအောကြဖို့ ကျနော် ရဲရဲဝံ့ဝံ့နဲ့ ညွှန်းပေးခဲ့ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *