အိမ်ကွင်းမှာတော့ လီဗာပူး အနိမ့်ဆုံးသရေကစားနိုင်မယ်
Diamond Seven
ယခုတစ်ပတ်တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ကိုဒီတစ်ပတ်ရဲ့အကောင်းဆုံးတစ်ပွဲဖြစ်တဲ့လီဗာပူး-မန်စီးတီးပွဲကနေရွေးချယ်ပေးချင်ပါတယ်။
လီဗာပူး
ချန်ပီယံလိဂ်ရော၊ ပရီးမီးယားလိဂ်မှာပါတောက်လျှောက်နိုင်ပွဲပြန်ရလာတဲ့လီဗာပူးခြေစွမ်းကအားရစရာကောင်းလာပါတယ်။ အထူးသဖြင့်ဆာလက်ရှ်ပြန်ခြေစွမ်းပြလာသလိိုဖလော်ရီယန်ဝစ်ဇ်၊ဂတ်ပို၊ဆိုဘော့ဇ်လိုင်နဲ့ အီကီတီကီ တို့ကလည်းတစ်ပွဲထက်တစ်ပွဲယုံကြည်မှုရလာတာမို့ လီဗာပူးရဲ့တိုက်စစ်ကဂိုးမရမှာမပူရဖြစ်နေတာပါ။ ခံစစ်မှာလည်းကိုနာတေးနဲ့ ဗန်ဒိုက်တို့ပြန်အတွဲမိနေတာမို့ အိမ်ကွင်းမှာ မန်စီးတီးရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်မှာသေချာပါတယ်။
မန်စီးတီး
ဒီရာသီမှာဂွါဒီယိုလာရဲ့မန်စီးတီးကအဝေးကွင်းခြေစွမ်းအတော်ကျနေပါတယ်။ပရီးမီးယားလိဂ် နောက်ဆုံးအဝေးကွင်း ၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရာမှာ မန်ယူကို ၂-ဝနဲ့ရှုံးပွဲက ပိုပြီးသိသာစေခဲ့ပါတယ်။ ခူဆာနော့နဲ့ ဂွီဟီတို့လိုကစားသမားအသစ်တွေကို ပွဲထုတ်နေတဲ ခံစစ်ပိုင်းကလည်းတည်ငြိမ်မှုရဖို့နဲ့ နားလည်မှုရှိဖို့ လိုအပ်နေတာသိသာလှပါတယ်။အခုလိုအနေအထားနဲ့တော့လီဗာပူးကွင်းမှာလည်း မန်စီးတီးခံစစ်ပိုင်းလျော့ရဲမှုကရှိနေဦးမှာ သေချာပါတယ်။
ခန့်မှန်းချက်
လီဗာပူးက -၃၀ သာ အကျောပေးထားရပေမယ့်ကွင်းတွင်းခြေစွမ်းပိုင်းမှာတော့အသာရမှာ သေချာပါတယ်။ အိမ်ကွင်းဆို ဆာလက်ရှ်ဦးဆောင်တဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကပိုကောင်းသလိုအယ်လစ္စတာနဲ့ဂရာဗန်ဘတ်ရှ်တို့ကွင်းလယ်ကလည်းစိုးမိုးနိုင်စွမ်းအပြည့်ရှိပါတယ်။ လီဗာပူးကြေးပေးတာ ပျော့တယ်ဆိုပေမယ့်လည်းအိမ်ကွင်းမှာတော့အနိမ့်ဆုံးသရေကစားနိုင်မယ်လို့ယုံကြည်မိပါတယ်။
