SATURDAY ONE SHOT/ONE TARGET (Super Zay)
************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ဘွန်ဒက်စ်လီဂါက ရွေးချယ်ထားပြီး ဝါဒါဘရီမင်နဲ့ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ တန်းဆင်းဇုန်ထဲကအသင်းနဲ့ အမှတ်ပေးဇယားဦးဆောင်အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်းမမှားပါဘူး။ ဝါဒါဘရီမင်ဟာ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲပျောက်နေတာ၁၁ ပွဲဆက်တောင် ရှိနေပါပြီ။
ပိုဆိုးတာက နောက်ဆုံးဘွန်ဒက်စ် ၄ ပွဲမှာ ၁ မှတ်သာ ရခဲ့လို့ တန်းဆင်းဇုန်ထဲ ရောက်သွားပါတယ်။ မကြာသေးခင်အိမ်ကွင်းပွဲတွေမှာလည်း ဝါဒါဘရီမင်ဟာ တိုက်စစ်ကစားပုံကောင်း စတုတ်ဂတ်နဲ့ ဟော်ဖန်ဟိမ်းတို့ကို အနိမ့်ဆုံး၂ ဂိုးပြတ်နဲ့ ရှုံးထားတာပါ။ ဆိုတော့ ဟယ်ရီကိန်း၊ ဒီယက်ဇ်၊ အိုလစ်တို့နဲ့ဒီရာသီ ခြေစွမ်းပြ ဘိုင်ယန်တိုက်စစ်ကို ဝါဒါဘရီမင် ဘယ်လိုမှ ထိန်းနိုင်မှာမဟုတ်ပါဘူး။ ဘိုင်ယန်တိုက်စစ်ဟာ ဒီရာသီ ပြည်တွင်းက အဝေးကွင်းမှန်သမျှမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းထားတာပါ။
ထိပ်တိုက်တွေ့ဆုံမှု ကြည့်တော့လည်း အစဉ်အလာအရ ဝါဒါဘရီမင်ဟာဘိုင်ယန်ရဲ့အဝေးကွင်းငယ်နိုင် ဖြစ်နေပါတယ်။ ဘယ်လောက်တောင်လဲဆိုဝါဒါဘရီမင်နဲ့အဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး ၁၈ ပွဲစလုံးမှာ ဘိုင်ယန်နိုင်ခဲ့တာပါ။ ဒီလိုအနေထားမှာ ၂+၆၀ ဆိုတဲ့ ဘိုင်ယန်ဈေးကတော့နည်းနည်းတော့ ပါးပါတယ်။ ဒါပေမဲ့ လက်ရှိခြေနဲ့ တွေ့ဆုံမှုအစဉ်အလာအရအနိမ့်ဆုံး ၂ ဂိုးပြတ်သွားလောက်လို့ စနေညအတွက် တစ်ကွက်ကောင်းအဖြစ်ဘိုင်ယန်ကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဘိုင်ယန်မြူးနစ်
