Feb / 15 – 2026 # SUN
စျေးကွက်အမြင်၊စျေးကွက်စကား
#ဇဝန
တနင်္ဂနွေညအတွက် ကျနော်မိတ်ဆက်ပေးခဲ့ချင်တဲ့ပွဲစဉ်ကတော့ (လိုက်ပ်ဇစ်~ဝုဖ်ဘတ်)ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်အတွက် (လိုက်ပ်ဇစ်)အသင်းက ၁-၄၀အရှုံးအကျောပေးထားပြီး ဂိုးပေါင်းစျေးကွက် ၃-၇၀အရှုံးဖွင့်လှစ်ထားပါတယ်။ (လိုက်ပ်ဇစ်)အသင်း အမှားခံလို့မရတဲ့ ပွဲစဉ်မျိုးဖြစ်ပြီး (ဝုဖ်ဘတ်)အသင်းက စျေးကွက်ဖြတ်ကျော်နိုင်မှု ကျဆင်းနေချိန်မှာ(လိုက်ပ်ဇစ်)အသင်းရဲ့ ၁-၄၀အရှုံး အကျောပေးမှုကသင့်တင့်မျှတတဲ့ ခင်းကျင်းမှုလို့ ယူဆမိပါတယ်။
ဒီပွဲစဉ်အတွက် ကျနော်ကတော့ (ဂိုးပေါ်)ဇယားကိုအကြိုက်တွေ့မိပါတယ်။ ဒီပွဲစဉ်ရဲ့ ဂိုးပေါင်းစျေးဟာဒီအပတ်ကစားမယ့် (ဝါဒါဘရီမင်~ဘိုင်ယန်မြူးနစ်)ပွဲစဉ်ရဲ့ ဂိုးပေါင်းစျေးကွက် ၄+၈၀အနိုင် ပြီးရင်အမြင့်မားဆုံး ဖြစ်နေတာကြောင့်ပါ။ (လိုက်ပ်ဇစ်)အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲမှာ သွင်းဂိုး(၂)ဂိုးပြည့်ခဲ့တာဆိုလို့ (၃)ပွဲတည်းသာရှိခဲ့ပြီးပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲမှာ (၃)ဂိုးနဲ့အထက်တက်ခဲ့တာဆိုလို့လည်း (၁)ပွဲတည်းသာ ရှိခဲ့ပါတယ်။
(ဝုဖ်ဘတ်)အသင်းဘက် လေ့လာကြည့်ရင်လည်းနောက်ဆုံး(၅)ပွဲမှာ (၁)ဂိုးအထက် ပိုသွင်းနိုင်ခဲ့တာဆိုလို့(၁)ပွဲတည်းသာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲစဉ်ရဲ့ဂိုးပေါင်းစျေးကွက်ဟာ ဖြစ်သင့်၊ဖြစ်ထိုက်တာထက်ဘောင်ကျော်ခင်းကျင်းထားတဲ့ ဖွင့်လှစ်မှုလို့သတ်မှတ်နိုင်ပါတယ်။ စရိုက်ကို ဆန့်ကျင်ထားပြီးလုပ်နိုင်စွမ်းထက် ဘောင်ကျော်ဖွင့်လှစ်ပေးထားတဲ့ဂိုးပေါင်းစျေးကွက်မှာ (ဂိုးပေါ်)တစ်ပေါက်တည်းကိုပဲမကြောက်မရွံ့ ရဲရဲတင်းတင်း ပုံအောကြဖို့ကျနော်အကြံပြုပေးခဲ့ချင်ပါတယ်။
